ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာရှိ ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 ဘောဂလိ၊ စက်တင်ဘာ     ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာရှိကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးမြို့နယ်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါ်နော်ခရစ္စထွန်း၊ ဘောဂလိမြို့အုပ်ချုပ်ရေးမှူး  ဦးစောဘိုဘိုကျော်နှင့်  သပြေညွှန့်ကျေးရွာနယ်မြေ ရဲစခန်းမှ  တာဝန် ရှိသူများ၊  ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက  ကုန်စုံဆိုင်များတွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စားသုံးသူပြည်သူများသို့ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောင်းချသူများအနေဖြင့် Mask၊  မျက်နှာကာများတပ်ဆင်ပြီး ရောင်းချရန်၊ လက်ဆေးဘေစင်နှင့်  လက်သန့်ဆေးရည်များထားရှိပေးရန်၊  ဆိုင်ရှေ့တွင်  ကြိုးများတား၍  ရောင်းချရန်  အစရှိသည့်  ကိုဗစ်-၁၉နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
 နီလာအေး(ပြန်/ဆက်)