ကဝ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ "လူငယ်နှင့်အခွင့်အလမ်းစာအုပ်"ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး လူငယ်အသင်း (Youth Club) အဖွဲ့ဝင် ကိုစိုင်းနောင်ဦးက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့်အခွင့်အလမ်းစာအုပ်မှ" အောင်မြင်မှု ရယူခြင်း ခေါင်းစဉ်တွင်ပါရှိသော လောကကြီးမှာရှိကြတဲ့ သူသူငါငါလူတွေဟာ တစ်ဦးနှင့်တစ်ဦးကြားမှာ ဘာမှကြီးကြီးကျယ်ကျယ် ကွာခြားလှတာမရှိပါဘူး၊ လူအချို့ရဲ့ကြီကြီးမားမား ကွာခြားချက်က "ဖြစ်မြောက်အောင်မြင်မှု" သာဖြစ် ကြောင်း၊ လူတွေဟာ မဆိုသလောက်ကွာတာလေးနဲ့ပဲ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ခြားနားသွားကြောင်း သိမြင်သဘောပေါက်စေချင်တယ်၊ လူခြင်းတူတူ အောင်မြင်မှု ရအောင် အမြဲကြိုးစားအားထုတ် အလုပ်လုပ်ရန်လိုကြောင်း၊ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဟာ အများကြီးကွာဝေးနေတာမဟုတ်ဘူး "မဆိုစလောက်ကလေး" ဆိုတာကို လူတော်တော်များများက သတိမထားပါဘူး၊ ဒီအချက်ကို လူငယ်တွေ ကြိုတင်သိမြင် ထားသင့်ကြောင်း၊ လူငယ်ဆိုတာ အရေအတွက်အရလည်း အရေးပါတယ်၊ အရည်အသွေးအရလည်း နိုင်ငံအတွက်အရေးကြီးတယ်၊ လူငယ်တိုင်းမှာအိမ်မက်လေးတွေ ရှိရမည်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)