ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုရေးပင်စင်နှင့် မသန်စွမ်းသူများတွက် ထောက်ပံ့ငွေများ ပေးအပ်

ရေဦး   စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ် -၁၉ ကာလ ( CERP )အရ လူမှုရေးပင်စင်များကို  စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်လူမှု၀န်ထမ်းဦးစီးဌာနနှင့်  ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူမှုရေးပင်စင်အဖြစ် အသက် ၈၀ နှစ်နှင့် အထက်  သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများ တွက်ထောက်ပံ့ငွေများကို  စက်တင်ဘာလ ၂၁ ရက်နေ့က သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ်တွင်  အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၀၄၇ ဦးတွက် တစ်ဦးလျှင် လူမှုရေး ပင်စင် အဖြစ်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကို လည်းကောင်း၊မသန်းစွမ်းသူ ၉၃၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကို လည်းကောင်း၊   သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ  အုပ်ချုပ်ရေးမှုးရုံးများတွင်   ရပ်ကျေးအုပ်ချုပ်ရေးမှူး၊  ရာအိမ်မှူး ဆယ်အိမ် မှူးနှင့် စာရေး၀န်ထမ်းများမှ   တာ၀န်ယူ ထုတ်ပေးခဲ့ကြပြီး  လူကိုယ်တိုင်မလာ‌ရောက်နိုင်သော မသန်စွမ်းသူများအား အိမ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)