ရွှေတောင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာကြည့်တိုက် အမျိုးအစား (၄) မျိုးအကြောင်း၊ စာကြည့်တိုက်ပျိုးထောင်ရေးနှင့် စီမံခန့်ခွဲရေး၊ စာကြည့်တိုက်တွင်သိထားသင့်သည့် ပညာရပ်ရာစု (၁၀)မျိုးအကြောင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဥ် ( ၅)ရပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စာကြည့်တိုက် တိုက်ပိုင်သွင်းနည်း၊ သုတရသမျိုးတူစုခွဲနည်း၊ စာအုပ်စာပေထိန်းသိမ်းနည်းနှင့် ငှားရမ်းမှုစနစ်များကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသောသင်တန်းသား / သူများသိရှိလိုများနှင့် မိမိတို့ကျေးရွာ စာကြည့်တိုက်အခြေအနေများ ကိုဆွေးနွေးခဲ့ကြရာသက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ သင်တန်းသား / သူ (၁၄ )ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၂ရက်တာအတွင်း စာတွေ့၊ လက်တွေ့ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကို မင်း ( ပြန် / ဆက်)