ပန်းတောင်းမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲများ လစဉ်ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးလာပြီး၊ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာ ရရှိနိုင်ကြောင်း ဟောပြောခဲ့၍ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆောင်ရွက်ခဲ့ပြီး ဝန်လိုမူလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)