ဟားခါးမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွား

ဟားခါး ဒီဇင်ဘာ ၁၈

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွားရာ ဟားခါးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွေးဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်ရှိ ဦးထန်လျန်မှုန် ငှားရမ်းနေထိုင်သည့် ဦးကျဲအိုကုန်း၏ အိမ်ကို နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားပြီး အဆိုပါ မီးလောင်မှုသတင်းကို နံနက် ၉ နာရီ ၂၅ မိနစ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ တယ်လီဖုန်းမှတစ်ဆင့် သတင်းရရှိသဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များ ၊ မီးငြိမ်းသတ်ယာဉ် ( ၂ ) စီး ၊ ရေသယ်ယာဉ် (၂) စီးနှင့် တပ်မတော်မှ ဗိုလ်ကြီးစိုင်းရွှေတိုး ဦးစီးတပ်ဖွဲ့နှင့် ရဲအုပ်ဇော်နိုင်လင်း ဦးစီးအဖွဲ့တို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊ အဆိုပါလူနေအိမ်ကို မီးဖိုမီးကြွမ်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ ၄င်းလူနေအိမ်သည် အလျား ၂၇ ပေ ၊ အနံ ၁၈ ပေအကျယ်ရှိ သွပ်မိုး ၊ ပျဉ်ခင်း ၊ သွပ်ကာအမျိုးအစားဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၃၆၅၀၀၀/− ဖြစ်ကြောင်း ၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးဘေဒုက္ခသည် ကျား ( ၁ ) ဦး ၊ မ ( ၃ ) ဦး ၊ ပေါင်း ( ၄ ) ဦးအား နီးစပ်ရာ ဆွေမျိုးများထံသို့ တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 မောင်တက်လမ်း(ပြန်/ဆက်)