ရွှေဘိုမြို့တွင်လူငယ်များဘက်စုံဖွံ့ဖြိုးတိုက်တက်ဖို့လူငယ်စကားဝိုင်းကျင်းပ

 ရွှေဘို     ဒီဇင်ဘာ   ၁၈

လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ အမှတ်(၂)အခြေခံပညာ ဦးစီးဌာနတို့တို့ပူးပေါင်း ကျင်းပသောလူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ရွှေရတုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က နိုင်ငံတစ်နိုင်ငံဖွံဖြိုး တိုးတက်ရန်အတွက် အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါ ကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံ တာဝန်များကိုပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းရင်းနှီးချစ်ခင်မှု များတိုးပွားလာစေရန်ရည်ရွယ်၍ လိမ္မာယဉ်ကျေးစွာပြောဆို ဆက်ဆံတတ်သောအတွေ့ အကြုံသစ်များရရှိစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးကာ၊ ရွှေဘိုမြို့နယ်စာရေးဆရာ အသင်းဝင်ဆရာ မြတ်သာထွန်း(ရွှေစံပြ) ကလူငယ်နှင့်ယဉ်ကျေးမှု၊ ကဗျာဆရာအလင်္ကာကျော် ကလူငယ်နှင့် မူးယစ်ဆေး၊ Grade-10 ကျောင်းသားမောင်နေသွေးခန့်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူ မဆောင်းထက်ထက်ဝေက လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့်  ဦးဆောင်ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကမိမိတို့သိရှိလိုသည် များကိုမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်