လေးမျက်နှာ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဗိုလ်ချူပ်လမ်းဆုံတွင် မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး Fire Point မီးသတ်စင်မြေနေရာချထားခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နွေရာသီကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများအသိပညာရရှိစေရန်ရည်ရွယ်၍ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးရဲနောင်ဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးနှင့် မီးငြိမ်းသတ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများပါဝင်သည့် Fire Point မီးသတ်စင်အား မြေနေရာချထားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးငြိမ်းသတ်စင်မြေနေရာချထားဆောင်ရွက်ရာသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ကြည့်ရှုအားပေးခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)