စလင်း ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် စျေးကောင်းရရှိ၍ မိသားစုအဆင်ပြေလျက်ရှိကြောင်းကို သာစည်ကျေးရွာ ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာရှိပြည်သူအများစုသည် တောင်သူအများဆုံးဖြစ်သည့်အလျောက် စပါး၊ ပဲ၊ ထန်းသီးအမှည့်များကို မိမိတို့ထန်းပင်များမှလည်းကောင်း၊ အခြားအပင်များမှလည်းကောင်း၊ ကောက်ယူစုဆောင်း၍ ပထမဦးစွာထန်းသီးအမှည့်များ၏ အစေ့များ၊ ထန်းသီးဆန်များကိုတစ်ဆန်ခြင်း တစ်စေ့ခြင်းစီဖြစ်အောင် ထန်းလှီးဓားများဖြင့် ထန်းသီးအလုံးများမှ တစ်စေ့ခြင်းတစ်ဆန်ခြင်းစီဖယ်ထုတ်၍ထားကာ မိမိတို့လယ်မြေများတွင် မြေကျင်းများကိုတူးဖော်၍ စုဆောင်းထားရှိသည့် ထန်းသီးအဆန်များကို မြေကျင်းထဲသို့မထည့်မှီ တူးထားသည့်ကျင်းများထဲသို့ အိမ်သုံးဆား မီးဖိုချောင်သုံးဆားတစ်ပိဿာ၊ နှစ်ပိဿာကျင်းထဲသို့ ဖြန့်ဖြူးထည့်၍ ထန်းသီးဆန် ထန်းအစေ့များကို ကျင်းထဲသို့ထည့်မြေဖို့ကြရသည်။ စလင်းမြို့နယ် သာစည်ကျေးရွာသည် လယ်ယာလုပ်ငန်းများလုပ်ကိုင်ကြသည့် မြေဖြစ်သည့်အတွက် မြေစေးများဖြစ်၍ ထန်းပင်မြစ်စိုက်ပျိုးလုပ်ကိုင်ကြရာတွင် တစ်ခြားမြို့များမှထွက်ရှိသည့် ထန်းပင်မြစ်များနှင့်မတူ စားသုံးရာတွင်အရသာရှိ၍ အညာဒေသထွက် တစ်စည်းလျင်ယခင်နှစ်က (၇၀၀)ကျပ်၊ (၈၀၀)ကျပ်သာရောင်းချခဲ့ရပြီး ယခုနှစ်တွင် ထန်းမြစ်အချောင်း(၂၀)ပါတစ်စည်းလျှင် အကောင်းဆုံးခေါင်တစ်စည်းလျှင်(၁၅၀၀)ကျပ်မှသည် ပုံမှန်အားဖြင့်တစ်စည်းကို (၁၀၀၀)ကျပ်ရောင်းချရကြောင်း မိမိတို့ကျေးရွာနှင့်စလင်းမြို့နယ်မှထွက်ရှိသည့် ရာသီပေါ်အညာဒေသထွက် ထန်းပင်မြစ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနီးအနားရှိမြို့နယ်များနှင့် မိမိတို့မြို့ပေါ်ပြည်သူများမှ ဝယ်ယူသုံးစွဲတင်ပို့ရောင်းချ ရသည့်အတွက် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ အညာဒေသထွက် ထန်းပင်မြစ်ရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေရရှိ၍အဆင်ပြေကြောင်းကို သာစည်ကျေးရွာထန်းပင်မြစ်စိုက်တောင်သူ မမိုးမိုးမြင့်ထံမှသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)