သဲကုန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံခိုင်စေရန် အေရိုးဗစ်သင်တန်းဖွင့်

သဲကုန်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် Community Centre ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးအရာရှိဒေါ်ဝင်နန္ဒာဌေးက   လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အားကစားကိုချစ်မြတ်နိုးတတ်စေရန်နှင့် အမျိုးသမီးများ. ကိုယ်ကာယကျန်းမာကြံခိုင်စေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးကျော်ဝင်းက အားကစားပြုလုပ်ခြင်းအကျိုးကျေးဇူးကိုဟောပြော၍ တူညီဝတ်စုံများပေးအပ်ခဲ့သည်။ ထို့နောက် အခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများကသင်ကြားပေး ရာသင်တန်းသား/သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်