မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်-၂ အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေး

မော်လမြိုင်ကျွန်း   ဒီဇင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပန်းခင်းစီမံချက်-၂ အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်ရှာကျေးရွာအုပ်စု၊ ဓမ္မသုခကျောင်းတိုက်၊ စိတ္တသုခဗိမာန်တော်၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းထက်မှူး၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောဝဏ္ဏနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ခြင်းပြီးဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစီစစ်ရေးကတ်ပြား(၁၀၀)အား ပြည်သူများလက်ဝယ်အရောက် နေ့ခြင်းပြီးပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိသည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)