မြန်အောင်မြို့ ရောင်နီစက်ရုံ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေး စစ်ဆေးခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းများဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြစ်ကျိုးကျေးရွာ ရောင်နီ အရက်ချက်စက်ရုံ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့နံနက်က အဆိုပါစက်ရုံအတွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို မြန်အောင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များကရောင်နီစက်ရုံ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်စက်ရုံ ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြပြီးစက်ရုံအတွင်း မီးသတ်ဆေးဘူးများ ထားရှိမှု နှင့်ကောင်းမွန်ခြင်းရှိ/မရှိ အခြေအနေကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)