ဓနုဖြူ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အသိပညာပေး (Talk Show)တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူရေးရာဦးစီးဌာနမှ မျှော်မှန်းချက်ဖြစ်တဲ့ စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်၊ ဆောင်ရွက်လျက်ရှိပြီး၊ ရည်မှန်းချက်ဖြစ်တဲ့ စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားကိုကာကွယ်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်တို့ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ တွေ့ရပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိပြီး တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)