မြို့သစ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြို့သစ် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ခေါင်းဆောင်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းကအဖွင့်အမှာစကား ပြောကြားကာ(CPU) အဖွဲ့ဝင်ညွှန်ကြားရေးမှူး ဦးဝင်းဦးကအဂတိလိုက်စားမှုဆိုင်ရာ ဥပဒေအကြောင်း အရာများ၊ အဂတိလိုက်စားမှု၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ စသည့်အကြောင်းအရာအများ၊ (CPU) အဖွဲ့ဝင်ရဲမှူး ခင်နွယ်ဝင်းကအဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဝန်ထမ်းများဆောင်ရန်ရှောင်ရန် အကြောင်းအရာများ၊ (CPU) အဖွဲ့ဝင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်လေးက အဂတိလိုက်စားမှုနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ (CPU) အဖွဲ့ဝင်ဒုတိယညွန်ကြားရေးမှူး ဦးတင်ထွန်းက  အခွန်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေမှ အခွန်ရှောင်ရှားခြင်း အခွန်ရှောင်တိမ်းခြင်းစသည့် အကြောင်းအရာများ၊ (CPU) အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးဝေလင်းက အဂတိလိုက်စားမှု ဥပဒေဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို အသီးသီးရှင်းလင်းပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ဒုတိယညွန်ကြားရေးမှူး ချုပ်ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်းအား(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိ ရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)