စလင်း ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများနှင့် ဆုများပေးအပ်ချီးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများဖြစ်သည့် လွန်ဆွဲပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖူဆယ်ကွင်း၌ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမဆု (၁၅၀၀၀၀)ကျပ်၊ ဒုတိယဆု (၁၀၀၀၀၀)ကျပ်၊ တတိယဆုအား (၇၀၀၀၀)ကျပ် ဆုချီးမြှင့်မည်ဖြစ်သည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲအား အလွတ်တန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်ယှဉ်ပြိုင်၍ ပြိုင်ပွဲဝင်မည့်အသင်းသားများအား ၂၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းနှင့် အခြားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်း၍၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြ သည့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အဖွဲ့ဝင်များက အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ ဆက်)