ဝေါမြို့တွင် ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမျိုးဆက်သယံဇာတ ပြန့်ပွားရေးအတွက် ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်

ဝေါ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နေ့စဉ်နှင့်အမျှ ပြည်သူများ စားသုံးနေသည့် ငါးများ မပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတ ပြန့်ပွားရေးအတွက် ဂရန်အင်းများအတွင်း ငါးမျိုးစိုက် ထည့်ခြင်းကို ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးထုတ်လုပ်မှု တိုးတက်စေရန် ငါးရိက္ခာဖူလုံ စေရန် ငါးမျိုးပြန့်ပွားစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မြို့နယ်ဦးစီးဌာနမှူး ဦးသန်းလင်းနှင့် ဝန်ထမ်းများ၊ ပဲခူးစခန်းတာဝန်ခံ ဦးသူရမိုးအောင်နှင့် ဝန်ထမ်းများက ဝေါမြို့နယ်ရှိ ဂရန်အင်း(၆၄)အင်း အတွင်းသို့ ငါးမြစ်ချင်း၊ ငါးသန်၊ ငါးသားပေါက်ကောင်ရေ(၁၄၇၂၄၇)ကောင်အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)