(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆို အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျောင်းကုန်း ဒီဇင်ဘာ ၁၇

 ၂၀၂၃ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အသက်((၁၉)နှစ်အောက် ရပ်ကွက်/တိုက်နယ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး၊ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ဘောလုံးအားကစားသမားများက အလေးပြုခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဒီလိုအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းမှာ နိုင်ငံတော်နဲ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံတော်မူဝါဒဖြစ်တဲ့"တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရမည်"ဆိုသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်လူရွယ်များ ကျောင်းသားလူငယ်များ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်၍ ဘောလုံးအားကစားသမားများက သစ္စာအဓိဌာန်(၄) ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး၊ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ အခမ်းအနား ဒုတိယပိုင်း အစဉ်အရ Fitness Dance အဖွဲ့မှ ကပြဖျော်ဖြေခဲ့ကြပြီး၊ ကွင်းဖွင့်ပွဲတွင် အမှတ် (၄)ရပ်ကွက် ဘောလုံးအသင်းနှင့် ကွင်းကြီးကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်(၄)ရပ်ကွက်ဘောလုံးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်အသင်း(၁၂)သင်းအား အုပ်စု (၄)ခုခွဲကာပတ်လည်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကာ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဦးစီးကျင်းပရေးကော်မတီထံက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)