ကလေးမြို့တွင် ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ

ကလေး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commynity Centre)တွင် ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ ကာယ၊ဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က  ကျောင်းသားလူငယ်များကို လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိစေရန်နှင့် အထွေထွေဗဟုသုတ၊ ဖတ်မှတ်စွမ်းရည်များမြင့်မားလာပြီး ဉာဏ်ရည် ဉာဏ်သွေးများမြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သူများနှင့် ဆုရရှိသူများအတွက် ဆုများနှင့်လက်ဆောင်ပစ္စည်းများကို ခရိုင်ဦးစီးမှူးမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)