ကျောက်တံခါးမြို့နယ်တွင် ဒေါက်တာမတင်ဝင်းရေးသားသည့် "လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်တံခါး ဒီဇင်ဘာ ၁၇

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ ဒေါက်တာမတင်ဝင်းရေးသားသည့် "လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ" စာအုပ်ဖြင့် Woman  Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Woman  Club အဖွဲ့ဝင် ဒေါ်မိုးဖြူသဲက  "လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက “ ယောက်ကျားလေးလည်း လှပဖို့လိုပါတယ် "၊ "အလှပြင်ခြင်းမှာ စိတ်အခရာ"၊ "လှပခြင်းထဲမှာ ထက်မြက်ခြင်း၊ တက်ကြွခြင်း၊ ရွှင်ပြခြင်းတို့ ပါဝင်နေတယ် "  ခေါင်းစဉ်များဖြင့်  ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)