တောင်ငူ၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ၊ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁၇

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌   မြို့နယ်အဆင့်စာစီစာကုံး ၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ တောင်ငူမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်း သူများပါဝင်ယှဥ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် (၉၅) ဦး ၊ ကဗျာ​ပြိုင်ပွဲတွင် (၅၃)ဦး နှင့် ပန်းချီပြိုင်ပွဲတွင် (၆၁)ဦးယှဥ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ၄င်းပြိုင်ပွဲ၌ ဆုရရှိသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄) ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)