ဖြူးမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross Check စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖြူး ဒီဇင်ဘာ ၁၇

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross Check စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက မဲစာရင်းမှန်ကန်စေရေး မြေပြင်ရှိ လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်ပုံတင် (၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ချက်များ ရှင်းလင်းပြောကြားချက်အား  သက်ဆိုင်ရာဌာနများနှင့် ထပ်ဆင့်ရှင်းလင်းခဲ့ကြ​ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)