တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂) မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ပြင်(၂) မူလတန်း ကြိုကျောင်း၌ ယမန်နေ့နံနက် ၈ နာရီက၂၀၂၂-၂၀၂၃ ခုနှစ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြိုင်ပွဲများကျင်းပရာတွင် (အငယ်ဆင့်)ရိုးရိုးအပြေးပြိုင်ပွဲ၊ ယုန်ခုန်၊ မုန့်စား၊ ကြိုးထိုး၊ ဝက်အူရစ်၊ ပန်းပွင့်ဆက်၊ ခုံလုပြိုင်ပွဲများနှင့် (အကြီးဆင့်)ရိုးရိုးအပြေးပြိုင်ပွဲ၊ စကောရွက်၊ လွယ်အိတ်လွယ် ဖိနပ်စီးအပြေးပြိုင်ပွဲ၊ ကြက်ဥကောက်၊ အလံလက်ဆင့်ကမ်း၊ စက္ကူရောင်စုံရွေး၊ စက္ကူခေါက်၊ ဝက်အူရစ်၊ ရေဘူးရေဖြည့်ပြိုင်ပွဲ စသည့်ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ပြီး အဆိုပါ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြသည်။

လူမှုဝန်ထမ်းဦးစီးဌာန တောင်ပြင်(၂) မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ သားငယ်၊ သမီးငယ်များကို ဆုများအသီးသီး‌ ပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ပြင်(၂) မူလတန်းကြို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့် ကလေးငယ်များ၏ မိဘ/အုပ်ထိန်းသူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ယင်းပြိုင်ပွဲကို ကလေးများပျော်ရွှင်စေရန်နှင့် ကျန်းမာကြံ့ခိုင်‌စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်