ကံမမြို့ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

ကံမ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၁)ရပ်ကွက် မင်းကုန်း အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နေ့လယ် (၂)နာရီက  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ မူလတန်းဆင့်နှင့်အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီကျော်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီးနောက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ပြည်ထောင်စု စိတ်ဓာတ်၊ လွတ်လပ်ရေးရရှိရေးအတွက် မျိုးချစ်ခေါင်းဆောင်များတို့၏ ကြိုးပမ်းအားထုတ်ပုံ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

ထို့နောက် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့   အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ  ပြသခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)