မင်းတုန်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ရာ မင်းတုန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)