ဇလွန် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ပြည်သူများလက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန် များ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခြင်းကို ငြိမ်းအေးကျေးရွာအုပ်စု ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းလွင်ဦးနှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများ၊ ဌာနဆိုင်ရာများ ကကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ ၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရန် ၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ၊ မှုခင်းကျဆင်း ရေး၊ မိမိတို့၏ရပ်ကွက်/ ကျေးရွာအုပ်စုများတွင်သန့်ရှင်းသာယာ လှပစေရေးအတွက်စု ပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို အပတ်စဉ်လစဉ်ဆောင်ရွက်သွားကြရန် အသိပညာ ပေးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ကြသည်။
အဆိုပါစစ်ကြောင်းကြီးငါးကြောင်းက တက်ရောက်လာကြသည့်ပြည်သူများ၏ မေးမြန်းတင် ပြချက်များ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်( ၁ )ဗိုလ်မှူးဝင်းလွင်ဦး နှင့်အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)