၂၀၂၂ခုနှစ် စစ်ကိုင်းတိုင်း​ဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်​ရောက်ယှဉ်ပြိုင်မည့် ​ရွှေဘိုခရိုင် ကိုယ်စားပြုအားကစားသမားများအား​ အောင်နိုင်​ရေးအလံ​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၁၆

၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်း​ဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်​ပေါင်းစုံ အားကစား ပြိုင်ပွဲသို့ ဝင်​ရောက်ယှဉ်ပြိုင်မည့်​ ရွှေဘိုခရိုင်ကိုယ်စားပြု အားကစားသမားများအား ​အောင်နိုင်​ရေး အလံ​ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၀နာရီအချိန်က အမှတ်(၂) အ​ခြေခံပညာ အထက်တန်း​ကျောင်း​ ရွှေရတုခန်းမတွင် ယ​နေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ရွှေဘိုခရိုင်၊ စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက လမ်းညွန်အမှာ​စကား ပြောကြားခဲ့ပြီး၊ ​ရွှေဘိုခရိုင် ကိုယ်စားပြုအားကစားအဖွဲ့၊ အဖွဲ့​ခေါင်း​ဆောင်က ဝန်ကြီးချုပ်ဖလား ခရိုင်​ပေါင်းစုံ အားကစားပြိုင်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်နိုင်​ရေး ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ထို့​နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးမှ အောင်နိုင်​ရေးအလံ​ပေးအပ်ကာ ဂုဏ်ပြု​ထောက်ပံ့ပစ္စည်းများ​ ပေးအပ်ပြီး​နောက်​၊ ရွှေဘိုတပ်နယ်မှူးမှ ဝင်​ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား အင်အားဖြည့်စား​သောက်ဖွယ်ရာများ ပံ့ပိုးကူညီ​ပေးအပ်ကာ၊ အမှတ်(၂) တပ်မ​တော်​ထောက်ပံ့နှင့် ပို့​ဆောင်​ရေး​ကျောင်း​၊ ကျောင်းအုပ်ကြီးက အင်အားဖြည့် စား​သောက်ဖွယ်ရာများ ပံ့ပိုးကူညီ​ပေးပြီး၊ အမှတ်(၄) စစ်သားစု​ဆောင်း​ရေးတပ်၊ တပ်မှူးမှ အားကစားပစ္စည်းများ ပံ့ပိုးကူညီ​ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ အားကစားသမားများက လက်ခံရယူခဲ့ကြောင်း သိရသည်။​

ခရိုင်ပြန်/ဆက်