သနပ်ပင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိုသန့်ရှင်းသာယာလှပရေး အကြောင်းသိကောင်းစရာTalk Show ကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရမှ မိမိတို့မြို့နယ်သန့်ရှင်းသာယာရေးအတွက် မြို့ဝင်/ အထွက် ဆိုင်းဘုတ်များအား မြေခင်းအလှများ ပြုပြင်ဆေးသုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့တွင်း/ ပြင် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပလက်ဖောင်း များဆေးသုတ်ပြုပြင်းခြင်း၊ မြို့တွင်လမ်းများအဆင့်မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ လမ်းအကျယ်ချဲ့ခင်းခြင်း၊ အဓိကလမ်းမကြီးများသန့်ရှင်းသာယာရေးဆောင်ရွက်ခြင်း၊ ရေးစီးရေလာကောင်းမွန်ရေး ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် မြို့နယ်အတွင်းရှိပြည်သူများ နေမှုထိုင်မှုများ၌ အေးချမ်းသာယာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများ ပြုလုပ်ရာတွင် များစွာအဆင်ပြေလွယ်ကူကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ ဆက်)