နတ်မောက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်စိုက်ပျိုးသည့် ၂၀၂၂ခုနှစ် မိုးရာသီတည်ထောင်စိုက်ပျိုးသည့် ယူကလစ်ထင်းစိုက်ခင်းဧက(၂၀)အား စိုင်ကောင်းကြိုးဝိုင်း အကွက်အမှတ် (၁၅)တွင် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာထင်းစိုက်ခင်းဧက(၂၀)တွင် ယူကလစ်ပင်(၂၄၂၀၀) စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ခင်းအနီးဝန်းကျင်ရှိ ရွာတော်ကျေးရွာသို့ အပင်ဖြစ်ထွန်းလာပါက ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ကျေးရွာရှိဒေသခံပြည်သူများအား ထင်းဝယ်ယူမှုသက်သာစေရန်၊ ကျေး ရွာဓလေ့ ထင်းခုတ်သွားရာတွင် ဝေးရာအရပ်သို့ သွားရောက်စရာမလိုဘဲ မိမိကျေးရွာအနီးမှ ခုတ်ယူနိုင်သဖြင့် အချိန်ကုန်သက်သာမည်ဖြစ်ပြီး ကျေးရွာသုံး သစ်သားတိုင်များအသုံးပြုနိုင်စေရန် စသည့် အကျိုးကျေးဇူးများ ရရှိလာစေရန်ရည်ရွယ်ချက်များဖြင့် ဒေသနှင့်ကိုက်ညီသည့် ယူကလစ်ကို စိုက်ပျိုးထားရှိပြီး အပင်သက်တမ်းငါးနှစ်ပြည့်လျှင် ထင်းအဖြစ်သုံးစွဲ နိုင်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် သစ်တောဦးစီး ဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။
လှဝင်း