အထက်မင်းလှ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ရပ်ကွက်၊ ကျေးရွာများရှိ အိမိထောင်စု လူဦးရေရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိစာရင်းအား မြေပြင်တွင်ကွင်းဆင်း၍ စာရင်းကောက်ယူရမည်ဖြစ်ကြောင်း၊ ရပ်ကွက်၊ကျေးရွာများတွင်လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးဆက်ထိုးနှံပေးမည် ဖြစ်ကြောင်း၊စိုက်ပျိုးစရိတ် ချေးငွေပြန်လည်ဆပ်နှံရန် ကျန်ရှိနေသည့်ကျေးရွာများမှ ပြန် လည်ပေးဆပ်နိုင်ရေး တို့ကိုဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်း ဆွေးနွေးခဲ့ကြပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလို သည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)