နတ်မောက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး (CPU)အဖွဲ့ဝင် ညွှန်ကြားရေးမှူးဦးဝင်းဦးက အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေအကြောင်းအရာများမှ အဂတိလိုက်စားမှု၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ စသည့်အကြောင်းအရာအများကိုလည်းကောင်း၊ (CPU) အဖွဲ့ဝင်ရဲမှူး ခင်နွယ်ဝင်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဝန်ထမ်းများဆောင်ရန်ရှောင်ရန် အကြောင်းအရာများကို လည်းကောင်း၊ (CPU) အဖွဲ့ဝင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်လေးက အဂတိလိုက်စားမှုနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ (CPU) အဖွဲ့ဝင် ဒုတိယညွန်ကြားရေးမှူးဦးတင်ထွန်းက  အခွန်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေမှ အခွန်ရှောင်ရှားခြင်း အခွန်ရှောင်တိမ်းခြင်းစသည့် အကြောင်းအရာများ ကိုလည်ကောင်း၊ (CPU) အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးဝေလင်းက အဂတိလိုက်စားမှုဥပဒေဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ဒုတိယညွန်ကြားရေးမှူးချုပ်   ဦးသန်းဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်းအား (၁၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

လှဝင်း