ထား၀ယ် ဒီဇင်ဘာ ၁၆
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြို ကဗျာပြိုင်ပွဲ ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းက ကျောင်းသား/ သူများအနေဖြင့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကို မေ့ပျောက်မသွားစေရန်လိုကြောင်း လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး ယခုလိုပြိုင်ပွဲများကို ဆက်တိုက်ပြုလုပ်ပေးသွားရန်ရှိကြောင်းနှင့် ကျောင်းသား/သူများ၏ ပြိုင်ပွဲရလဒ်အမှတ်များနှင့် ဆုရွေးချယ်ရာတွင်ပါဝင်သည့် အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး ဆုရ ကျောင်းသား/သူများ ကိုယ်စား ဆုရကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)