ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၆

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား () သင်း/ အမျိုးသမီး () သင်းတို့က အုပ်စုများခွဲ၍ ဒီဇင်ဘာ ၁၉ ရက်နေ့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော် (ထားဝယ်)