ဒေးဒရဲမြို့၌ စာသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စာသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ​ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးအန္တရာယ် ရှင်းကင်းစေရေး ရည်ရွယ်၍ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီက ချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်လှလှကြူက ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စာသုံးသူအကာအကွယ်ပေးရေး ဥပဒေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အစားအသောက်များတွင် ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံ ဖော်မလင် ပါဝင်နိုင်သော အစားအသောက်များနှင့် ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်သော သီးနှံအန္တရာယ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစားအစာ ဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစာအစာများ စာသုံးရေး၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ မရှိစေရေး ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာ အကာအကွယ်ပေးရေး ဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ အစားအစာဘေးအန္တရာယ် ကင်ရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်ညွှန်းအမှတ်အသားမပါဝင်သော အစားအစာများ၊ ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် စားသုံးသူနစ်နာမှုမရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း