ဘားအံမြို့တွင်  မဟာဇွဲကပင် အဆင့်မြင့်ဆန်စက် (တန် ၁၀၀) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းလီမီတက်မှ ဦးဆောင်တည်ထောင်မည့် မဟာဇွဲကပင် အဆင့်မြင့်ဆန်စက် (တန် ၁၀၀) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်ခန့်က ပြည်နယ်သမဝါယမ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်က အဖွင့်အမှာ စကားပြောကြားရာတွင် အဆင့်မြင့်ဆန်စက် (တန် ၁၀၀) တည်ဆောက်ရေးတွင် ရှယ်ယာများ ထည့်ဝင်နိုင်ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးအမြတ်ရရှိ‌ရေးအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသည့် ရွာသာအေး‌မွေးမြူရေး ကုန်ထုတ်သမဝါ ယမအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်း၊ စမ်းပွင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ ညီနောင်ရင်းသွင်းအားစု လုပ်ငန်းရှင်များ သမဝါယမ အသင်းမှ အသင်းသားလုပ်ငန်းရှင်များက မတည်ထောက်ပံ့ငွေများအား ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေး ထောက်ပံ့ငွေများအား အကျိုးရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းများတွင် ထားရှိရမည့် စာရင်းဇယားများအား စနစ်တကျထားရှိ၍ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရန်၊ သမဝါယမဥပ‌‌ဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ဆွေး‌နွေးခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ပြည်နယ်သမဝါယဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အသင်းစုချုပ်၊ မြို့နယ်အသင်းစုနှင့် အခြေခံသမဝါယမအသင်းများမှ အမှုဆောင်များ၊ အသင်းသားများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်းကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်