နည်းပညာတက္ကသိုလ် (ဘားအံ) တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဘားအံ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကိသိုလ် (ဘားအံ) ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီခန့်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကိသိုလ် (ဘားအံ) ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးတင့်ဆွေက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လူကုန်ကူးခံရမှ ုဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ကရင်)မှ တပ်ဖွဲ့စုမှူးရဲမှူးဟန်မွှေးက ယာဉ်မတော်တဆမှု ဖြစ်စေသော အကြောင်းအရာများ၊ မော်တော်ကား (သို့မဟုတ်) မော်တော်ဆိုင်ကယ် မောင်းနှင် သူများနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရ မည့်စည်းကမ်းချက်များ၊ ယာဉ်မမောင်းမီ စစ်ဆေးရမည့် ပစ္စည်းများကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၁)မှ ဒုရဲမှူး အောင်မြင့်ဝင်းက မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲရာတွင် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက လူငယ်နှင့်ရည်မှန်းချက်စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ဘားအံ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ကြပြီး ဟောပြောပွဲ အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ  မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)