ရွှေတောင်မြို့နယ် တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက တရုတ်မှော်ကျေးရွာအုပ်စု၊ သဲကောကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်‌နေဂျာ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆောင်းနေကြာလျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီသဘာဝဓါတ်မြေသြဇာ ပုံနည်းအဆင့်ဆင့်နှင့် ဆေးရွက်ကြီးဆပ်ပြာပိုးသတ်ဆေး သုံးစွဲပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြသခဲ့ရာ ဒေသခံတောင်သူ (၁၂၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ( ပြန်/ ဆက်)