လက်ပံတန်းမြို့နယ်တွင် " ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး " Talk Show ဆွေးနွေးပွဲကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက ကလေးအလုပ်သမား၏ သက်မှတ်ထားသည့် အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်များအလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်သည့်ပုဒ်မများ၊ မြန်မာနိုင်ငံအနေနဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်တည်းတွင်သာမက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိသားစုများ၊ မိဘများနှင့်ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာ လျော့နည်းပပျောက်လာမှာဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)