ထားဝယ် ဒီဇင်ဘာ ၁၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲတွင် အမျိုးသား(၄)သင်း/အမျိုးသမီး(၄) သင်းတို့က အုပ်စုများခွဲ၍ ဒီဇင်ဘာ ၂၃ ရက်နေ့ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီး/ ပြည်နယ်အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် နေပြည်တော်တွင် တိုင်းဒေသကြီး ကိုယ်စားပြုလက်ရွေးစင်ကျောင်းသားကစားအဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)