ပဲခူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး( ဦးစီးမှူး) ဦးကျော်ကျော်ဟန်က လက်ရှိဆောင်ရွက်နေသော ကလေးသူငယ်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ကော်မတီအဖွဲဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန် /ဆက်)