ရွှေတောင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစကြောင်း ရှင်းလင်းပြောကြားပြီး ရွှေတောင်မြို့နယ်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမဒေါ်ဝင်းလဲ့နွယ်က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ပုံအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့သင်ကြားပေးရာ တက်ရောက်လာသော သင်တန်းသူများက လက်တွေ့ပြုလုပ်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ သင်တန်းဆရာမက ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့သည်။
အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူ(၁၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း( ပြန် / ဆက်)