နတ်တလင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်စွမ်းရည် ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေခြင်း၊ စာပေ၏အကျိုးကျေးဇူးကိုသိရှိစေရန်၊ စာအုပ်၊ စာပေမှအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခဲ့ကြောင်းနှင့် ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထားထားဦး(ပြန်/ဆက်)