ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည် သူများ တွေ့ဆုံ

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁6

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငပြေမကျေးရွာ အုပ်စု၊ မရမ်းကွင်းကျေးရွာတွင် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ငပြေမကျေးရွာအုပ်စု မရမ်းကွင်းရွာဘုန်းတော်ကြီး ကျောင်းတို့ တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ လုံခြုံရေး၊ သန့်ရှင်းရေးစသည့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် မရမ်းကွင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဆေးခန်းများအား လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ Clean City ၊ Green City ၊ Smart Cityဖြစ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းဦးဆောင်သော မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)