မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြတ်သာရွာမကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများအား ဖိတ်ခေါ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အ-ထ-က(ခွဲ) မြတ်သာရွာမကျောင်းမိသားစုမှ မူလတန်းအဆင့် (ဖူဆယ်) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားယနေ့နံနက် ၉:၃၀ အချိန်က မြတ်သာရွာမကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နှင်းမိုးလှိုင်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ အင်အား(၁၀၄)ဦးတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ မြတ်သာရွာမကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများ၏ ပန်းဖွားအကအလှများ၊ သံစုံသီဆိုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)