အမာမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အမာ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစောနေနိုင်ထွန်းက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် မာရသွန်ပြိုင်ပွဲ၊ ဘောလုံးပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ အလံဆက်အ‌ပြေးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ကော်မတီဝင်များမှလည်း အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောနေနိုင်ထွန်း၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)