အိမ်မဲ ဒီဇင်ဘာ ၁၅
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ "အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက အားကစားကိုပုံမှန် လုပ်သင့်ကြောင်း မနက်စောစော ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေသည့်အပြင် ခန္တာကိုယ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေပြီး ဦးနှောက်ကို ဖွံ့ဖြိုးလာကာ ကျန်အားကစားနည်းများ ပြုလုပ်ရာတွင်လည်း ပိုမိုလွယ်ကူလာစေကြောင်း၊ စသည့် "အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ" ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)