သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင်Book  Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ   ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book  Club အဖွဲ့ဝင်များက စာရေး ဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့်အခြားဆောင်းပါးများစာအုပ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမူး ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်း လင်းပြောကြားပြီးနော်ဂေးဂေ (Book Club) အဖွဲ့ဝင်က စာအုပ်ပါ အကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် ကျောင်းသားလူငယ်တွေ၊ စကားမစပ် ဖြတ်၍ပြောခြင်း၊ စကားဖြတ်လို့မရ၍ဆက်၍ပြောခြင်း၊ နိုင်ငံတော်အစိုးရနှင့်နိုင်ငံတော်လူငယ် စသည့်အကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး စောလိုဖိုး(Book Club) အဖွဲ့ဝင်က သတင်းမှားသော်လည်းအားတက်စရာ၊ဆရာ ဆိုတာ၊ ပညာသင်ကြားမှုဆိုတာ၊ ဝမ်းသာလွန်းလွန်းလို့ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များကစာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ