ပန်းတောင်းမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ပန်းတောင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အ​ခြေခံအင်္ဂလိပ်စာသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉:၀၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံ အင်္ဂလိပ်စာသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဆရာကြီးဦးပြည်သန်းမှ ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စကားဖြင့် တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ခြင်း၊ အလုပ်အကိုင်များအကြောင်းမေးခြင်း၊ တစ်နေ့တာသွားလာလှုပ်ရှားများအကြောင်း၊ အခြေခံဝါကျဖွဲ့နည်းများအကြောင်း၊ စာကြောင်းတစ်ခုတည်ဆောက်ရန် အခြေခံလိုအပ်သည့် အကြောင်းအရာများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းသို့ အ.မ.က (မူလွန်)ဝန်လိုကျောင်းမှ Grade-7 ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၆ရက်နေ့မှ ၁၇ရက်နေ့ထိ (၂)ရက်တာ ကာလသင်တန်းပို့ချခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)