သရက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်လူမှုဝန်ထမ်းရုံး၌ Gender, CEDAW, NSPAW, UNSCR 1234 အသိပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၏ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားရာတွင် “ Gender, CEDAW, NSPAW, UNSCR 1234 အသိပညာပေး အစီအစဉ်တွင် ပါဝင်သော အခန်းကဏ္ဍများအားသိရှိခြင်းဖြင့် မိမိတို့ခရိုင်အတွင်းမှာရှိတဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန်နှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုမှပပျောက်ပြီး အမျိုးသမီးများအနေနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေမှာ ဖြစ်လို့ ဌာနဆိုင်ရာများနဲ့ အသိပညာပေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအချင်းချင်း ရင်းနှီးမှုရရှိပြီး လုပ်ငန်းများကို ယခင်ကထက် ပိုမိုပူးပေါင်း လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ အသိပညာပေးအစီအစဉ်ကိုပြုလုပ်ရာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က Gender, CEDAW, NSPAW, UNSCR 1234 တို့တွင် ဆောင်ရွက်နေမှုတို့အား အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်