မြဝတီ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင်နိုင်ရေးကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်စေ လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ကော်မတီသမိုင်းကြောင်း၊ လုပ်ငန်းဆောင် ရွက်ခဲ့မှုများရှင်းလင်းတင်ပြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊နည်းဥပ ဒေ၊လုပ်ထုံးလုပ်နည်းများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက် ချမှတ်ကာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)