သရက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး။ ဘေးအန္တရာယ်ဆိုင်ရာ စီမံစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အထက(၂)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပေးပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ ပြောကြားပေးခဲ့ပြီး ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများအား ပြောကြားပေးခဲ့ကာ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အတူကျောင်းသား၊ ကျောင်းသူများအား သရုပ်ပြသ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များနှင့်အတူ ငလျင်ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် ကယ်ဆယ်ရေးနည်းလမ်းများ အတိုင်း ကျောင်းသား၊ ကျောင်းသူများနှင့် သဏ္ဍာန်တူဆောင်ရွက်ကာ ဇာတ်တိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)